
မြန်မာသံအဆိုတော်ကြီး မင်းအောင်ဆိုတာ တစ်ချိန်က မြန်မာသံစဉ် မိုနိုသီချင်း တွေကို ခေတ်ပေါ် ဂစ်တာ နဲ့ တွဲဖက်ပြီး ခေတ်တစ်ခေတ်ကို အခိုင်အမာထူထောင်ခဲ့သူပါ။ ရန်ကုန်မြို့၊ဘားလမ်းထိပ်မှာလည်း မင်းသား လေး တေးသံသွင်း ဆိုင်ကို ထူထောင်ပြီး သူ့ရဲ့ စီးရီးခွေတွေကို ဆက်တိုက် ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ နောက်တော့ သူနဲ့ခေတ်ပြိုင် မြန်မာသံအဆိုတော် ကို အနိုင် နဲ့ အသက်တူ ၄၀ မှာဘဲ တစ်လလောက်ဘဲ ခြား ပြီး ၂ ဦးစလုံး ကွယ်လွန်ခဲ့ကြပါတယ်။ ကိုမင်းအောင်ရဲ့ နတ်စ်ပေါင်းများစွာထဲကမှ အားလုံး ကိုမတင်နိုင်လို့ သူ အထူး နံမည် ကျော်ကြား အောင်မြင်ခဲ့တဲ့တေးသီချင်း အချို့ (ဒါတောင်အတော်များပါတယ်) ရဲ့ နုတ်စ်သင်္ကေတ များ ကို စုဆောင်းထားရှိတာကို အောက်ပါအတိုင်းဘဲ တင်ပေးလိုက်ပါတယ်။ ကျွန်တော်များ ဘလော့ဂ် ကို လာ လည်ကြတဲ့ သူငယ်ချင်းများထဲမှာ မိုနို သမားတွေပါလာရင် အားရပါးရ ဒေါင်းလုပ်သီဆိုတီးခတ်နိုင်ဖို့ အတွက် ရယ် ပါ။ ကျွန်တော်တို့ ဘလော့ဂ်လေး လဲ ပိုမို ရသစုံလင် သွားအောင်ပါ။
- ခရေလိုမျက်နှာငယ်လေးကျွန်တော်
- ချစ်ဆရာမကြီးနှင့်တွေ့ဆုံခြင်း
- ချစ်ဖူးသူတိုင်းလွမ်းဖူးသည်
- တစ်စိမ်းသူတွေဝမ်းသာနေမယ်
- တစ်ဖက်သတ်အချစ်
- နိုင်တော်မူ
- နံနက်ချိန်ခါမင်္ဂလာတေး
- မင်းသားလေးလိုလွမ်းပြမယ်
- မိုးမင်းသမီးလေးမိဝဿန်
- ရန်ကုန်သူလွမ်းမှာစိုးတယ်
- ရုပ်ဆိုးသူငိုပွဲ
- လွမ်းအလင်္ကာမောင့်စောင်းသံ
- သစ္စာရှင်
- သစ္စာတွေတိုင်တည်ထားမယ်
- သူများနဲ့ညားတဲ့ငါ့ရည်းစား
- အချစ်ပျောက်ရှာပုံတော်
- အချစ်ရှေ့နေ
- အနိုင်မယူသူအရှုံး
- အလွမ်းဗိမ္မာန်
- အသက်မရှိတောင်ဆက်သီချင်းဆိုမယ်
- အသည်းနွမ်းခေါ်သံ
- ဥမ္မာဒန္တီငိုချင်းချရမှာ
- မြမျက်ရည်မိုး
- နှစ်ပါးသွားလေးကချင်ပြီ
- နှလုံးသားလက်ဖွဲ့အပြန်
(











No comments:
Post a Comment